\What is League of Legends and Welcome To League of Legends
League of Legends ဟာ Riot Game Inc မှာ League of Legends: Clash of Fates ဆိုပြီးတော့ 2008 October 7 ရက်နေ့မှာ စတင်ကြေညာခဲ့ပြီး 2009 April 10 ရက်ကနေစပြီးတော့ Beta Version အနေဖြင့် Octorber 26 2009 အထိလွှင့်တင်ခဲ့ပါတယ်။ DotA: Allstars
မြေပုံရေးဆွဲသူတွေဖြစ်တဲ့ Steve "Guinsoo" Feak and Steve "Pendragon" Mescon တို့မှ စတင်ရေးဆွဲခဲ့တာဖြစ်ပြီး အခုအခါမှာတော့ World Top MOBA Game အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ Free to Play Game အမျိုးဖြစ်ပြီး စိတ်ဝင်စားဖွယ် Champions တွေနှင့် Skill Full
Game Play တို့ကြောင့် League of Legends ဟာ လက်ရှိမှာတော့ တစ်လကို 67 Million Players ဆော့ကစားလျှက်ရှိပြီး နေ့စဉ်ဆော့ကစားသူ 27 Million နှင့် တစ်ချိန်တည်းမှာ 7.5 Million ဆော့ကစားလျှက်ရှိပါတယ်။
Chapter One: First Step to LOL
League of Legends ကို ယခုလက်ရှိမှာတော့ Champions (126) ကောင်နဲ့ ဖွဲ့စည်းထားပါတယ်။ များပြားလွန်းလှတဲ့ Champion တွေကို Free to Play စနစ်မျိုးမဟုတ်ပဲ Free Champion Rotation စနစ်နဲ့ စတင်ဆော့ကစားရမှာဖြစ်တဲ့အတွက် Low Level တွေအတွက်
အနည်းငယ်တော့ ကသိကအောက်ဖြစ်စရာရှိပေမဲ့ နောက်ပိုင်း ဆော့ကစားတာများလာတာနဲ့အမျှ စိတ်ကျေနပ်စရာ တစ်ခုကိုရရှိစေလာမှာဖြစ်ပါတယ်။ Free Champion Rotation စနစ်ဆိုတာကတော့ အပတ်စဉ် 10 Champion Free Pick ခွင့်ရမှာဖြစ်ပါတယ်။ မိမိ အနေနဲ့ Free
Champion တွေထဲကမှ မိမိ သဘောကျရာ Champion တွေကို Pick ပြီး Play နိုင်မှာဖြစ်ပြီး အကယ်၍ Permanent မိမိအကောင့်ထဲမှာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Influence Point (IP) ခေါ် Point တွေနဲ့ ဝယ်ယူရမှာဖြစ်ပြီး IP Points တွေကို Match တစ်ပွဲပြီးတိုင်း ရရှိနေမှာမို့
ပွဲများများဆော့လေ Champion များများဝယ်ဖို့ အဆင်ပြေလေဖြစ်ပါတယ်။ Champion တွေအနေနဲ့ ဈေးနှုန်းအမျိုးမျိုးရှိမှာဖြစ်ပြီး မိမိအနေနဲ့ Role စုံအောင် အရင်ပိုင်ဆိုင်ထားနိုင်မယ့်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ Champion ဈေးနှုန်းတွေကတော့ 450 IP, 1350 IP, 3150
IP, 4800 IP, 6300 IP, Lastet Champion release in first week is 7800 IP ဆိုပြီးဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ Champion တွေကို မိမိ Champion Pick Screen မှာ အမြဲမြင်တွေ့နိုင်မှာပါတယ်။
Champions ကို Role (၆)မျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ Assassin, Mage, Markman, Fighter, Tank and Support ဆိုပြီးဖြစ်ပါတယ်။ မိမိရွေးချယ်လိုက်တဲ့ Lane အပေါ်မူတည်ပြီး သက်ဆိုင်ရာ Champion အလိုက် Mastery and Rune တွေကိုလည်း
ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Summoner Spell တွေရဲ့ အကူအညီတွေကိုလည်းရယူနိုင်ပါသေးတယ်။
မိမိ Account Level အလိုက် Unlock ဖြစ်လာမယ့် Summoner Spell တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်သည့်အပြင် Mastery Page And Rune Page တွေမှလဲ Some Status တွေကိုလည်း ပေါင်းထည့်ထားနိုင်ပါသေးတယ်။ Flash, Ignite, Smite, Teleport, Heal, Exhust, Clarity
..., စတဲ့ Summoner Spells တွေကို ကစားပွဲတစ်ပွဲအတွက် Summoner Spell နှစ်ခုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Jungle အဖြစ်ဆော့ကစားမယ်ဆိုရင်တော့ Smite ကိုမပါမဖြစ်ယူသွားရမှာဖြစ်ပြီး Flash and Ignite ကတော့ Mid Laner တွေနှင့် အလိုက်ဖက်ဆုံးပါပဲ။ Mastery Page
တွေမှာ မိမိ စိတ်တိုင်းကျ အတိုးအလျော့လုပ်နိုင်မှာဖြစ်ပြီး Level တစ်ခုတတ်တိုင်း Mastery Point တစ်ခုရရှိလာမှာမို့ Level 30 ရောက်သည့်အခါ Mastery Point 30 ကို စီမံနိုင်မှာဖြစ်ပါတယ်။ Rune Page တွေအတွက်ကိုတော့ League of Legend's Store မှ Rune များကို
ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ IP Point တွေကိုသာ အသုံးပြုပြီး ဝယ်ယူရမှာဖြစ်သည့်အတွက် အဆင်ပြေစေမှာပါ။
Mastery Champion Point တွေကိုတော့ PVP Matchs တွေကို ကစားမှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ မိမိ အကောင့်နှင့် ဆိုင်သည့်အချက်အလက်တွေကို မိမိ Game Client က Summoner Profile မှာ ကြည့်ရှုနိုင်ပါတယ်။
Champion တွေအနေနဲ့ကတော့ စစဆော့ကစားခြင်းမှာ ဈေးချိုချို Champion တွေနဲ့ စတင်ကြည့်ဖို့ အကြံပြုပါရစေ။ အနည်းဆုံး Annie (Mid), Ryze (Mid), Ashe (ADC), Sivir (ADC), Nunu (Support), Soraka (Support), Master Yi (Jungle), Amumu (Jungle), Garen
(Top), Poppy (Top) စတဲ့ 450 IP ဖြင့်သာဝယ်ယူနိုင်တဲ့ Champion တွေကို ပိုင်ဆိုင်ထားတယ်မယ်ဆိုရင်တော့ PVP match တွေအတွက် Lane Call ရာမှာ အခက်အခဲမရှိနိုင်ပါဘူး။ နောက်ပိုင်း IP တွေစုပြီး မိမိနှစ်သက်ရာ Champion တွေကိုလည်း ထပ်မံဝယ်ယူနိုင်ပါတယ်။ Ranked
Match တွေမှ IP Point အတော်များများကို ရရှိနိုင်ပါတယ်။
အခြား Point တစ်ခုဖြစ်တဲ့ Riot Point (RP) ကိုတော့ Online Payment ဖြင့်ဝယ်ယူရမှာဖြစ်ပြီး Champion, Skin, Summoner Icon, အစရှိတို့ကို ဝယ်ယူနိုင်သည့်အပြင် မိမိ သူငယ်ချင်းဆီသို့လည်း Gifting လုပ်ပေးနိုင်ပါသေးတယ်။
Ranked Match တွေကိုတော့ Account Level 30 မှသာ ဝင်ရောက်ဆော့ကစားနိုင်မှာဖြစ်ပြီး Find Match လုပ်ဖို့အတွက် 16 Champions အနည်းဆုံးရှိရမှာဖြစ်ပါတယ်။ Ranked Match တွေဟာ Ban and Pick Order စနစ်နှင့်ဖြစ်တာကြောင့် မိမိကျရာ Role
ကိုအပြည့်အဝတာဝန်ယူနိုင်ဖို့ Normal Match များမှ Experience များများရှိဖို့ကြိုးစားထားသင့်ပါတယ်။ Ranked System အနေနဲ့ Ranked တစ်ပွဲနိုင်တိုင်း ရှုံးတိုင်းမှာ LP (League Point) အတိုးအလျော့ရှိမှာဖြစ်ပါတယ်။ Brozone, Silver, Gold, Platinum, Diamond, Master,
Challenger စတဲ့ League တွေကို Ranked မှာ တွေ့မြင်ရမှာဖြစ်ပြီး First Ranked 10 Match ဆော့ကစားပြီးတဲ့အခါမှာတော့ မိမိ Join ရမည့် League ကို သိရှိရမှာဖြစ်ပါတယ်။ League တစ်ခုတိုင်းမှာ Division 5 ခုစီရှိနေမှာဖြစ်ပြီး မိမိ First Ranked 10 Match အပေါ်မှာမူတည်ပြီး
ခွဲပေးသွားမှာဖြစ်ပါတယ်။ နှစ်ကုန်တိုင်းမှာ League တွေဟာ Reset ဖြစ်တာကြောင့် တစ်နှစ်နှင့် တစ်နှစ် သင့် League ဟာ တူနိုင်မှာမဟုတ်ပါဘူး။ League တွေမှ ရရှိမည့် Reward တွေကလည်း သင့်ကို စောင့်ကြိုနေဦးမှာပါ။
ီ
ဆော့ကစားရမည့် Game Mode တွေအနေနဲ့ကတော့
Summoner Rift (5 vs 5),
Twisted Treeline (3 vs 3),
Frejlord (All mid All random),
Crystal Scar (Dominion) ဆိုပြီး ရွေးချယ်စရာအများအပြားကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Summoner Rift (5 vs 5) Map ကတော့ လက်ရှိ လူဆော့အများဆုံး Game Mode ဖြစ်ပါတယ်။
League of Legends
Part-1 League Of Legends
ကျွန်တော် MOBA ( Multi Online Battle Arena ) Game တစ်ခုဖြစ်တဲ့ League of Legends ဖြင့် မိတ်ဆက်ပေးပါရစေ။ ကျွန်တော် League of Legends ရဲ့ Game Play Style နှင့် Game Mode တွေကို ကျွန်တော်နားလည်သလောက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော သည်းခံခွင့်လွတ်ပေးကြပါလို့။
League of Legends ဟာ Team Work ဖြင့် ဆော့ကစားရမယ့် Game တစ်ခုဖြင့်ပြီး အဓိက Role အနေဖြင့် ခြောက်မျိုးရှိပါတယ်။ Fighter, Tank, Markman, Assassin, Mage and Support ဆိုပြီးတော့ပါ။ ထို Role ခြောက်မျိုးထဲက တစ်မျိုး သို့မဟုတ် နှစ်မျိုးကို ပိုင်ဆိုင်ထားသော Champion အရေအတွက်ကတော့ 100 ကျော်ရှိနေပါပြီ။ Free To Play Champion စနစ်မျိုးမဟုတ်တဲ့ League of Legends ဟာ 10 Champions Rotation ဖြင့် ဆွဲဆောင်ထားပါတယ်။ Champion တိုင်းကို ရွေးချယ်ခွင့်မရှိပေမဲ့ 10 Free Champions Rotation မှ Champion များကို ရွေးချယ်ဆော့ကစားနိုင်သည့်အပြင် Game Match မှ ရရှိလာမည့် IP (Influence Point) များဖြင့် Champions များကို Store မှဝယ်ယူရမှာဖြစ်ပါတယ်။
Game Mode တွေအနေနဲ့ကတော့ 1 lane (Frejlord), 2 lane (Twisted Treeline) and 3 lane (Summoner Rift)ဆိုပြီးတော့ ရှိသည့်အနက် Summoner Rift ဖြစ်တဲ့ 3 lane ဆော့ကစားရသည့် Game Mode ကတော့ နာမည်အကြီးဆုံးဖြစ်ပါတယ်။ Summoner Rift ၏ Lane တိုင်းမှာ Turrent နှစ်လုံးစီရှိနေမှာဖြစ်ပြီး Rift Base မှာတော့ Mid, Top, and Bot Turrent သုံးလုံးအပြင် Nexus Turrent နှစ်လုံးပါရှိနေမှာဖြစ်ပါတယ်။ Team တစ်ခုလျှင် တစ်ယောက်မှ ငါးယောက်အထိ ဆော့ကစားနိုင်မှာဖြစ်ပြီး မတူညီသည့် Champion မျိုးစုံကို ရွေးချယ်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Team တစ်ခုမှာ Champion ငါးယောက်ရွေးချယ်ခွင့်ရှိသည့်အလျောက် Champion တိုင်းဟာလည်း မတူညီသည့် Role အမျိုးမျိုးကို ဆော့ကစားပေးရမှာဖြစ်ပါတယ်။ Team Work ဖြင့် ချိတ်ဆက်ဆော့ကစားရမယ့် Role တွေဆိုရင်လည်း မမှားပါဘူး။
Mid Laner
Summoner Rift မြေပုံ၏ အလယ်က လမ်းဖြစ်သည့် Mid Lane ကို ထိန်းကျောင်းဆော့ကစားရမယ့် Mid Laner ဖြစ်ပါတယ်။ Mid Laner အဖြစ်ဆော့ကစားနိုင်သည့် Role တွေကတော့ Fighter, Mage and Assassin တို့ဖြစ်ပြီး Tank, Markman and Support Role တွေထဲကနေပြီးလဲ မိမိ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါသေးတယ်။ Mid Laner တစ်ယောက်အနေဖြင့် ဆော့ကစားတော့မယ်ဆိုရင် မိမိ အနေနဲ့ Minion Farm ကို ရနိုင်သလောက်ရအောင်ယူရမှာဖြစ်ပြီး Champion Kill ကို လည်း မိမိ Jungle Ally ၏ ကူညီမှုဖြင့်သော်လည်းကောင်း မိမိ Champion's Abilites များဖြင့်သော်လည်းကောင်း ရယူထားနိုင်ရမှာဖြစ်ပါတယ်။ Exp and Gold ကိုလည်း တတ်နိုင်သမျှ Enemy Champion ထက်သာအောင်လုပ်ရမှာဖြစ်ပါတယ်။ Safe ဖြစ်အောင် ဆော့ကစားရမှာဖြစ်ပြီး မိမိ Team ၏ Lane များသို့လဲ သွားကူပေးနိုင်ပါတယ်။
Top Laner
Summoner Rift ၏ အပေါ်ဆုံးက Lane ဖြစ်ပြီး Top Laner တစ်ယောက်အနေဖြင့် Fighter or Tank Role နှစ်ခုကို ရွေးချယ်ကစားနိုင်ပါတယ်။ Assassin အနေဖြင့်လည်း ကစားနိုင်ပါတယ်။ Top Laner အနေဖြင့် Mid Laner ကဲ့သို့ Play Safe and Farm to get a Kill ဆော့ကစားရမှာဖြစ်ပါတယ်။ မိမိ ရွေးချယ်ထားသည့် Role အပေါ်မူတည်၍ Item Build ကွဲပြားသွားမှာဖြစ်ပါတယ်။
Jungler
Summoner Rift ရှိ Minions မဟုတ်သော Monster များကို Farm ကာ Gold And Exp ရှာဖွေရမယ့် Assassin Fighter အမျိုးအစားဖြစ်ပြီး Summoner Spell တစ်ခုဖြစ်တဲ့ Smite ကို Early Game မှာ အားထားပြီးဆော့ကစားရမယ့် Role တစ်ခုပါပဲ။ Summoner Rift ရှိ Red And Blue Buff များတဲ့ Natural Monster များထံမှ အသုံးဝင်တဲ့ Buff များကို ရယူရမှာဖြစ်ပြီး မိမိ Team Laner များကို ကူညီပြီး Lane ကျောင်းပေးရမှာဖြစ်ပါတယ်။ အချိန်နှင့် အမျှ Gold And Exp ရှာဖွေနေရမှာဖြစ်ပြီး Dragon And Baron Nashar ကဲ့သို့သော Monster ကြီးများထံမှလည်း Buff, Gold and Exp ကို Only one or Allies များဖြင့်ရယူနိုင်ပါတယ်။
Markman
Game တစ်ပွဲမှာ ပစ်မှတ်အထားခံရဆုံး Role ကိုပြပါဆိုလျှင် Markman တွေပါပဲ။ အများခေါ် ADC ( Attack Damage Carry ) တွေဖြစ်တဲ့ Markman တွေဟာ Minion Farm အများဆုံး ရယူရမည့်အပြင် Support အကူအညီဖြင့် Champion Farm and Item Build များများရအောင် ဆော့ကစားရမယ့် Role တစ်ခုဖြစ်ပါတယ်။ Markman တွေရဲ့ များစွာသော Abilities တွေဟာ Damaging Abilities တွေများတာကြောင့် မိမိကို Defense ပေးနိုင်မယ့် Support ဖြင့် တွဲဖက်ဆော့ကစားရင်း Team ကို Carry လုပ်ပေးရမှာဖြစ်ပါတယ်။
Supporter
Support Role ကို ဆော့ကစားတော့မယ်ဆိုရင်တော့ Tank, Mage and Support Champion များကို ရွေးချယ်ဆော့ကစားရမှာဖြစ်ပါတယ်။ Supporter များအတွက် သီးသန့် Items များရှိသည့်အလျောက် မိမိ Champion နှင့် လိုက်ဖက်သည့် Item များအပြင် Trinket များဖြစ်တဲ့ Ward တွေကိုပါ အသုံးပြုရမယ့် Role ဆိုရင်လည်းမမှားပါဘူး Supporter Abilities များတဲ့ Slow, Stun, Shield and Defense စသည်တို့ကို သင့်လျော်စွာပေါင်းစပ်ထားသည့် Champion များဖြစ်သည့်အလျောက် Item bonus gold and around exp, support exp and gold တို့ကို ရရှိမှာဖြစ်ပြီး Minion Farm အနည်းဆုံးလည်းဖြစ်နေပြန်ပါတယ်။
League of Legends ဟာ Online ဖြစ်သည့်အလျောက် Update များစွာဖြင့် စိတ်ဝင်စားစရာ Game ဖြစ်သည့်အတွက် အချိန်အားလျော်စွာ League of Legends အကြောင်းများကို ရေးသားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
Part-2 Discover In The Rift
Summoner Rift Game Mode ကိုတော့ Dota Player တွေအနေနဲ့ ရင်နှီးပြီးသား မြေပုံတစ်ခုလိုပါပဲ။ သို့ပေမဲ့ Game Play ကတော့ Dota နှင့် တခြားစီပါပဲ။ League of Legends မှာ Top, Middle and Bottom ဆိုပြီး 3 Lanes ရှိပါတယ်။ ရှင်းပါတယ်။ Top ကို တစ်ယောက် Middle
ကိုတစ်ယောက် Bottom ကို (ADC and Supporter)နှစ်ယောက် Jungle ကို တစ်ယောက်ဆိုပြီး ငါးယောက် ကိုယ့်နေရာနှင့် တာဝန်ယူကာ Team Fight အသားပေးဆော့ကစားရမှာဖြစ်ပါတယ်။
League of Legends နှင့် Dota 2 ရဲ့ ကွဲပြားချက်တွေထဲက တစ်ခုကတော့ League of Legends မှာ OP Champion မရှိသလောက်ရှားပါတယ်။ Champion Balanced ဖြစ်နေတာကိုပြောတာပါ။ Dota 2 ရဲ့ တစ်ချို့ Match တွေမှာ 3 vs 1, 5 vs 1 တွေဖိုက်နေတာတွေအပြင် Support
တစ်ကောင်က Carry Fighter တစ်ယောက်ကို (PA vs CM or Zeus vs Faceless Void) ယှဉ်ချဖို့ဆိုတာ မလွယ်လှပါဘူး။ Player Skill ချင်းတူမယ်ဆိုရင် Supporter အနေနဲ့ နိုင်ဖို့ဆိုတာ Percentage တော်တော်နည်းနေပါတယ်။ LOL မှာ အဲ့လိုမျိုးမရှိပါဘူး။ Balanced ဖြစ်အောင်
အမြဲ Patch Note တွေ Update လုပ်ပေးနေပါတယ်။ Supporter ဖြစ်တာ Fighter ဖြစ်တာထက် Skill ပေါ်မှာမူတည်ပြီး ကွဲပြားသွားပါတယ်။ ခြွင်းချက်ဆိုတာတော့ရှိစမြဲမို့ LOL မှာလည်း OP (Over Power) ဆိုတာရှိနေတတ်ပြန်တာပါပဲ။ ကျွန်တော် ယူဆချက်တင်ရယ်ပါ။
Middle Laner တွေဟာ Mage, Fighter, Assassin တွေပဲများပါတယ်။ AP ( Ability Power Carry ) or AD ( Attack Damage Carry ) အဖြစ်ဆော့ကစားရမှာဖြစ်ပါတယ်။
Top Laner တွေက Tank, Fighter တွေက အကောင်းဆုံးပါပဲ။ Tanker အဖြစ်နဲ့ Team Fight မှာသာအောင်လုပ်ပေးနိုင်သလို AD အဖြစ်ဆော့ကစားနိုင်မယ်ဆိုရင်လည်း ရပါတယ်။ မိမိ Team မှာ Tank လိုအပ်နေမယ်ဆိုရင် Top Laner တွေဟာ Tanker တွေပါပဲ။
Jungler တွေက Fighter, Assassin, Mage တွေဖြစ်ပြီး Damage ခပ်များများကို အချိန်ခဏအတွင်းမှာ Out နိုင်မယ့် Champion တွေ, Stun, Slow, Knock Up စသည့် Abilities တွေပါတဲ့ Champion တွေဆိုရင် ပိုကောင်းပါတယ်။ Early Game မှာ Summoner Spell (Smite)
အကူအညီဖြင့် Jungle Monster တွေကို လိုက်လံသတ်ဖြတ်ရမှာဖြစ်ပြီး Gold and Experience ရှာဖွေကာ Lane Helper အနေဖြင့်လည်း ကစားပေးရမှာဖြစ်ပါတယ်။
ADC (Attack Damage Carry) တွေကတော့ Markman တွေဖြစ်ပြီး Team တစ်ခုလုံးရဲ့ Damage အများဆုံး Out နိုင်ဆုံးနှင့် Enemy Team ၏ Target အထားခံရဆုံး Champion တွေပါ။ Minion and Champion Farm များများရအောင်ကစားရမှာဖြစ်ပါတယ်။
Supporter တွေကတော့ Tank, Mage စတာတွေပဲဖြစ်ပြီး Stun, Slow, Immue, Heal စသည့် Abilities ပါဝင်တဲ့ Champion တွေက သင့်လျော်ဆုံးပါပဲ။ Ward တွေကိုတော့ မမေ့ပါနဲ့။
LOL ရဲ့ Lane တွေမှာ ကိုယ့်နေရာနဲ့ကို ကျွမ်းကျင်စွာဆော့ကစားနိုင်လျှင်အကောင်းဆုံးဖြစ်ပါတယ်။ တစ်ယောက်လောက် Noob ပြီ ဆိုတာနဲ့ လုံးဝ ရှုံးဖို့က များနေပါပြီ LOL မှာ 4 vs 5 Battle တွေဟာ အလွန်ခက်ပါတယ်။
How To Dive Into League Of Legends
- League of Legends ရဲ့ အဓိက Rule ကတော့ Team တစ်ခုအနေနဲ့ ပြည့်စုံနေဖို့ပါပဲ။ Mid Laner ရှိနေပါရဲ့နှင့် Mid Laner ထပ် Pick တာမျိုး၊ Lane ကို အတင်းလုတာမျိုးက သင့် Team ကို အများကြီးထိခိုက်စေပါလိမ့်မယ်။
- Mid, Top, Bottom စတဲ့ Lane တွေရဲ့ Champion Pick တွေကို အရင်လေ့လာထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ Champion တွေက Role နှစ်မျိုးကို ဆော့ကစားနိုင်တဲ့ Abilities တွေပါဝင်လို့ပါပဲ။ ဥပမာ - Kindred ဆိုရင် Role အနေနဲ့ Markman
ဖြစ်ပြီး Markman Jungle အဖြစ်ဆော့ကစားနိုင်သလို Markman ADC အဖြစ်လဲဆော့ကစားနိုင်ပါတယ်။
- Free Champion Rotation စနစ်နဲ့ လည်ပတ်နေတာဖြစ်တဲ့ အတွက် League of Legends မှာ Champion တွေကို ၀ယ်ယူရပါတယ်။ ပွဲတွေမှရရှိတဲ့ IP Point တွေနဲ့ Champion တွေကို သင့်စိတ်ကြိုက် Champion ကိုရွေးချယ်ဝယ်ယူထားနိုင်ပါတယ်။ ၀ယ်ယူထားတဲ့
Champion တွေက အမြဲ Champion Pick Screen မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ League of Legends မှာ Champion 128 ကောင်ရှိပြီဖြစ်ပါတယ်။
- ကိုယ်သွားမယ့်လမ်းရယ် ကိုယ့်ကစားကွက်ရယ်နှင့် သင့်လျော်မယ့် Summoner Spell တွေကိုသာ ရွေးချယ်ပါ။ Jungle တိုးမယ်ဆိုပြီး Smite ကိုရွေးချယ်ဖို့မေ့လျော့ခဲ့မယ်ဆိုရင် သင့် Jungle ရတာနဲ့ Gank တဲ့အခါ သာယာမှာမဟုတ်ပါဘူး။ Flash ကတော့ Player
100 မှာ 99 ယောက်လောက် Pick တဲ့ Blink အမျိုးအစား Summoner Spell ဖြစ်ပါတယ်။ Top Lane Champion တွေအနေနဲ့ Flash and Teleport ကို ရွေးချယ်သင့်ပါတယ်။ Battle တွေအတွက် Teleport နဲ့ Top ကနေ ဆင်းလာနိုင်ပါတယ်။ Mid Laner
တွေအနေနဲ့ကတော့ Ignite and Flash များသောအားဖြင့်ယူလေ့ရှိပြီး တစ်ခါတစ်ရံ Flash and Shield ဆိုတာမျိုးလေးတွေလဲ ရွေးချယ်ကြပါတယ်။ ADC တွေကတော့ Heal and Flash ကအဆင်ပြေဆုံးဖြစ်ပြီး Support တွေအနေနဲ့ Exhaust and Flash (or) Teleport
and Flash ကိုရွေးချယ်နိုင်ပါတယ်။
- Item တွေကို ပွဲအခြေအနေပေါ်မူတည်ပြီး ဆက်ပေးပါ။ ကိုယ့် Champion က Ablility Power နဲ့ AP Champion ဖြစ်လို့ Recommended Item ထဲမှာလဲ ပါနေတဲ့ Ludan's Echo ကို ဇွတ်သွားတာမျိုးက Lane မှာသာယာရင်တော့ ကိစ္စမရှိပေမဲ့
မသာယာတဲ့အခါမျိုးမှာတော့ မိမိ Against လုပ်နေရတဲ့ Enemy Champion ရဲ့ Item Build ကိုကြည့်ပြီး မိမိဘာထည့်သင့်တယ်ဆိုတာကို စဉ်းစားသင့်ပါတယ်။ Magic Resistance ထည့်ထားတဲ့ သူကို Magic Damage တိုးဖို့ Magic Penetration Percentage ပါတဲ့
Item မျိုးကိုရွေးချယ်သင့်ပီး Armor အတွက်ကိုတော့ Armor Penetration က Enemy ရဲ့ Damage Ignore ကိုလျော့ချပေးစေမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ပွဲချိန်ရဲ့ အလယ်အလတ်လောက်မှာ Armor Item တွေကိုထည့်တာက ပိုမှန်ပါလိမ့်မယ်။ Item တွေရဲ့ Damage
တွေက Abilities တွေရဲ့ Damage ကိုပါတိုးစေတာကြောင့် Splash and Area Effect Damage ပါဝင်တဲ့ Champion တွေဆို Team fight အတွက်ကော Solo အတွက်ပါ Damaging Item တွေကိုအရင်ထည့်သင့်ပါတယ်။
- Jungle Moster တွေကိုလဲ မေ့မထားပါနဲ့ Dragon က ရတဲ့ Buff က တစ်သင်းလုံးကို အထောက်အကူပြုတဲ့အပြင် Stack များရင်များလာသလို Effect တွေထပ်ဆောင်းပြီးပေါင်းပေးတာဖြစ်တဲ့အတွက် Dragon ကို Jungle ရဲ့ အကူအညီနဲ့
ပေါ်တိုင်းရနိုင်ဖို့ကြိုစားပေးပါ။ Ward at Dragon. နောက်တစ်ခုက Champion တွေအပြင် Minion တွေကိုပါ Buff တင်ပေးပြီး Recall Duration ကို 4 seconds လျော့ချပေးတဲ့ Baron Nashor's Buff ဟာ Late Game Team Fight တွေမှာ Buff ရှိတဲ့ Team
ကပိုသာပါတယ်။ Mana Resource Champion တွေအတွက် Blue Sentinel ရဲ့ Blue Buff က Mana Regen Rate ကိုတိုးစေမှာဖြစ်ပြီး Red Sentinel ရဲ့ Red Buff ကတော့ Attack Damage Champion တွေအတွက် Damage output ကိုတိုးစေမှာဖြစ်ပါတယ်။
- League of Legends မှာ Ward တွေကို ပွဲစစခြင်းမှာပဲ တစ်ယောက်တစ်ချောင်းစီ အလကားထည့်ပေးပြီးသားပါ။ လိုအပ်မယ်ဆိုရင်လည်း ထပ်ဝယ်နိုင်ပါသေးတယ်။ တစ်ချို့ Support Items (E.g - Sigh Stone) တွေဆို 4 Wards ကို Base
ကိုပြန်တိုင်းရရှိစေနိုင်ပါတယ်။ Duration နဲပြီး Invisible ဖြစ်နေတဲ့ Ward တွေက ဂိမ်းရဲ့ ရလဒ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေမယ့် Key တွေဆိုတာလဲ မမေ့ထားသင့်ပါဘူး။ Vision Ward တွေက Visible ဖြစ်ပြီး အနီးအနားမှာရှိတဲ့ Invisible Ward တွေကို
မြင်ရစေနိုင်ပါတယ်။ Duration မရှိပေမဲ့ 5 hits ထိရုံနဲ့ အလွယ်တကူပျက်စီးစေနိုင်ပါတယ်။
- Mastery and Rune တွေကိုမမေ့ပါနဲ့။ Mastery and Rune တွေက သင့်ကို Early Game ကနေ Late Game အထိအထောက်ပြုပေးပါတယ်။ Bonus Buff တွေက Mastery and Rune တွေဆီကနေပဲရရှိနိုင်ပါတယ်။
- Turrent တွေရဲ့အောက်မှာ Minion တွေမရှိပဲမနေပါနဲ့။ Minion Wave မရှိပဲနေခြင်းက Turrent အနေနဲ့ သင့်ကို အလွယ်တကူပင် HP ကျစေပါလိမ့်မယ်။ Lane ပေါ်မှာရှိတဲ့ Turrent နှစ်လုံးက တစ်ချက်ချင်းစီပစ်တာဖြစ်တဲ့အတွက် Damage က ပုံမှန်ပဲသွားပါတယ်။
Base ပေါ်မှာရှိတဲ့ Turrent တွေကတော့ Damage and Armor Reduction ကိုပါဖြစ်စေတာကြောင့် Inhibitor Turrent and Nexus Turrent အောက်မှာ ကြာကြာနေဖို့ဆိုတာ Tank Champion တွေတောင် Item မထွက်ပဲမရပါဘူး။ တစိမ့်စိမ့်နဲ့ လျော့နေတဲ့ HP က
ကြာကြာနေလေ ပိုလျော့လေလေပါပဲ။
- Enemy Turrent အောက်မှာ Enemy Champion ကို ဇွတ်လိုက်မလုပ်ပါနဲ့။ Safe ဖြစ်တယ်၊ ကိုယ့်ဘက်ကသေချာတယ်ဆိုရင်တော့ Dive လုပ်ကြည့်ပါ။ Enemy Champion ကိုသွားလုပ်ရင်တော့ Minion Wave ရှိနေသည့်တိုင်အောင် Turrent က သင့်ကိုကို
လှော်ပါလိမ့်မယ်။
- Base မှာရှိတဲ့ Inhibitor တွေက အဖျက်ခံရလဲ အချိန်အတိုင်းတာတစ်ခုအကြာမှာ ပြန်ပေါ်လာတယ်ဆိုကိုမမေ့ပါနဲ့။ Defense ဆော့ရတဲ့ပွဲမျိုးတွေမှာ Inhibitor ပြန်ပြီး Respawn လုပ်မယ့်အချိန်ထိစောင့်ခြင်းက Minion Wave ကိုထိန်းဖို့အတွက် အကောင်းဆုံးပါပဲ။
- Recall ကို အချိန်မရွေး Cast လုပ်နိုင်တာကြောင့် သင့် HP ကျနေတဲ့အချိန်မှာ Base ကိုပြန်ဖို့ကို အားနာမနေပါနဲ့။ Enemy Team ရဲ့ Jungle က သင့်ကို အမြဲစောင့်ကြည့်နေတတ်ပါတယ်။ Recall လုပ်နေတဲ့ 8 seconds အတွင်းမှာ Damage income ဖြစ်တာနဲ့
Recall ကို Cancel ဖြစ်စေတာကြောင့် Safe ဖြစ်တဲ့နေရာမှာသာ Recall လုပ်သင့်ပါတယ်။
- Kill ခံရတဲ့အခါ ရှိနေတဲ့ Gold လျော့သွားမှာမဟုတ်ပါဘူး။ အဲ့အတွက် Item ကတော့ အချိန်တန်ရင် ထွက်လာမှာပါပဲ။ စောစောထွက်တာနဲ့ နောက်ကျမှထွက်တာပဲကွာပါတယ်။ ကိုယ် Item ထွက်တဲ့အခါကျမှ ပွဲပြီးသွားတာမျိုးကိုတော့အဖြစ်မခံကျနဲ့ပေါ့။
- လူမစုံပဲ Battle မဆိုင်ပါနဲ့။ 4 vs 5, 3 vs 5 လိုမျိုး Battle တွေက League of Legends မှာ နိုင်ဖို့ဆိုတာခဲယဉ်းပါတယ်။
Myanmar LOL Player for Myanmar LOL Players
Register Link : Click HERE

Videos